နှစ်ကိုယ်တူအလွမ်း
ကြယ်စဉ်ခါးတွေလင်းလက်
အရိပ်မဲ့တဲ့ညမှာ
ပါးလျှတဲ့လတစ်စင်းရဲ့အပြုံးကိုငေး
အဝေးဆုံးကနင့်ဆီ
အလွမ်းတွေတေးသီရင်း
ညည့်ငှက်ကို မိတ်ဖွဲ့
လေညှင်းကိုလက်ဆက်လို့
မပျက်ကွက်တဲ့သတိရခြင်း
ငါနင့်ဆီအပ်နှင်းပါတယ်..
အဝေးဆုံးက အနီးဆုံး သူတွေအဖြစ်
ရင်ထဲမှာတမ်းတ လွမ်းမ၀တဲ့တို့တွေ
ဖြူစင်ခြင်းနဲ့အမြစ်တွယ် မပျက်ပျယ်သံစဉ်တေး
သံယောဇဉ်ရင်ငွေ့လေးနဲ့
တိမ်တွေပေါ်တံတားဆောက် သက်တန့်လမ်းလဲဖောက်ခဲ့မယ်…
သွဏ်းသက်တံ့ (သနပ်ခါးမြေ)
Leave a Comment
